PLATINUM GROUP METALS

ကျွန်ုပ်တို့သည် သဘောတူထားသော ငွေပေးချေမှု စည်းကမ်းများကို အပြည့်အ၀ ဖြည့်ဆည်းပေးရန် ကတိပြုပါသည်။PGM သတ္တုစျေးနှုန်း အပြောင်းအလဲများကြောင့် ငွေကြေးဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းကာကွယ်ပေးခြင်း  "Hedging" ဟုခေါ်သော Risk Management ၀န်ဆောင် မှု ရှိပါသည်။ 

လူကြီးမင်း၏ ကျောက်ဇကာတွင် ပါ၀င်သော အဖိုးတန်သတ္တုကို စစ်ဆေးခြင်းဖြင့် တန်ဖိုးကို သိရှိနိုင်မည်။ စျေးကွက်တွင် ရောင်းချမှု တန်ဖိုးသည် ပစ္စည်းရောက်ရှိသော နေ့တွင် သဘာတူထားသော စျေးနှုန်းကို အခြေခံပါသည်။ 

As well, we can provide secure physical precious metal storage for those wishing to hold stock in expectation of better prices at a later date. ထို့အပြင် နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော စျေးနှုန်းများဖြင့် ပြန်လည်ရောင်းချလိုပါက လူကြီးမင်းတို့ အဖိုးတန်သတ္တုများကို ကာကွယ်ထိန်းသိမ်းပေးသော ၀န်ဆောင်မှုလဲ ရှိပါသည်။

အဖိုးတန်သတ္တု များကို စီမံခန့်ခွဲ ထိန်းသိမ်းကာကွယ်ခြင်း

လူကြီးမင်းတို့ အနေဖြင့် ဖိုးတန် သတ္တုများကို စီမံခန့်ခွဲ ထိန်သိမ်းကာကွယ်ခြင်း ၀န်ဆောင်မှုရယူ ခြင်းဖြင့် စျေးနှုန်းအပြောင်းအလဲများကြောင့် ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်နိုင်ပါသည်။

သို့မဟုတ်လျှင် စျေးနှုန်းအပြောင်းအလဲ ရှိခြင်းကြောင့် ဆုံးရှုံးမှုရှိ‌စေရန် အလားအလာ ရှိသည်။

 

Pt78PLATINUM

 ‌Platinum သည် အမာဆုံး သတ္တု တစ်ခုဖြစ်ပြီး သဘာ၀အတိုင်း ငွေမှင်ရောင် ပြေးနေသော တန်ဖိုးရှိ ရှားပါး သတ္တုဖြစ်သည်။ ရွှေနှင့် ငွေတို့ ကဲ့သို့ လိုသလို ပုံသွင်းလို့မရဘဲ ခိုင်ခံ့သော လက်၀တ်ရတနာများသာ လုပ်ဆောင်နိုင်ပါသည်။မြင့်မားသော အရည်ပျော်မှတ်ရှိပြီး အခြားသော သတ္တုများနှင့် အလွယ်တကူ သတ္တုစပ်များ ပြုလုပ်နိုင်သည်။ ဓါတ်ကူပစ္စည်းတစ်ခု အနေဖြင့်လည်း လုပ်ဆောင်နိုင်ပြီး ဓါတုတုံပြန်မှုများကို အရှိန်မြှင့်ပေးကာ မော်တော်ယာဥ်၏ အိပ်ဇော ကျောက်ဇကာ များအတွက် စံပြပစ္စည်းဖြစ်သည်။

Pd45PALLADIUM

Palladium သည် တောက်ပြောင်သော ငွေအဖြူရောင် ရှိပြီး  PMG အမျိုးအစား သတ္တု ဖြစ်သည်။ Palladium တွင် ထူးခြားသော ဂုဏ်သတ္တိများထဲမှာ တစ်ခုမှာ Hydrogen ကို အဆပေါင်း ၉၀၀ စုပ်ယူနိုင်သည်။ ဓါတ်ငွေ့စုဆောင်းခြင်းနှင့် သန့်စင်ခြင်းအတို့အတွက် အထိရောက်ဆုံးနှင့် ဘေးအကင်းဆုံးကြားခံနယ် အဖြစ်ဆောင်ရွက်သည်။ ပျော့ပြောင်းမှုရှိပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး လျှပ်စစ် စီးကူးမှုရှိသည်။ အဆိုပါ ဂုဏ်သတ္တိများကြောင့် ကျောက်ဇကာများအတွက် အလွန်အသုံး၀င်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ၀ယ်လိုအား သိသိသာသာမြင့်တက်ခဲ့သည်။

RH46 RHODIUM

 ရေဒီယို သတ္တုမကြွနိုင်သော အရာများတွင် စျေးအကြီးဆုံး နှင့် အရှားပါးဆုံး သတ္တုသည် Rodium ဖြစ်သည်။ တောက်ပြောင်သော ငွေအဖြူရောင်ရှိပြီး ဓါတုဗေဒနည်း ခံနိုင်ရည် ရှိသည်။  ပူပြင်းသော ဆာဖျူရစ် အက်စစ်မှ လွဲ၍ ကျန်အက်စစ် များတွင် မပျော်၀င်နိုင်ပါ။ သံချေးတက်ခြင်းကို အလွန်ခံနိုင်ရည်ရှိသည်။ စက်မှုလုပ်ငန်းများအရ Rodium သည် Platinum နှင့် Palladium တို့ ကို မာကျောစေရန် သတ္တုစပ် ‌အေးဂျင့်အဖြစ် အသုံးပြုထားသည်။ အလွန်ရှားပါးသော သတ္တုဖြစ်သောကြောင့်  အသုံးပြုပြီး ကျောက်ဇကာများမှ Recycle လုပ်၍ ပြန်လည်ထုတ်ယူကြသည်။