Purchase prices by car models and brands
Most popular spent catalytic converters
ကျောက်ဇကာ ၀ယ်ယူခြင်းနှင့် Recycle ပြုလုပ်ခြင်း
Ecotrade သည် ကျောက်ဇကာ Recycle လုပ်ငန်းစတင်လုပ်ကိုင် သည်မှာ နှစ်ပေါင်း၂၀ ကျော်ရှိပီဖြစ်ပြီး အသုံးပြုပြီးသော ကျောက်ဇကာများကို ၀ယ်ယူနေသော ထိပ်တန်း အ၀ယ်တော် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျောက်ဇကာအမျိုးအစားပေါင်း ၂ သောင်းကျော်ဖြင့် Database တည်ဆောက်ထားပြီး နေ့စဥ်နှင့်အမျှ များပြားလာသော ကျောက်ဇကာအမျိုးသစ်များကိုလဲ စာရင်းပြုစုလျက် ရှိပါသည်။ Website အသုံးပြုသူများအား ကျောက်ဇကာ စျေးနှုန်းများကို အချိန်နှင့် တပြေးညီ သိရှိစေရန် ရည်ရွယ်ပါသည်။ ယနေ့သင်မြင်တွေ့ နေရသော စျေးနှုန်းသည် ယနေ့အတွက် ပေါက်စျေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဖိုးတန်သတ္တုများ၏ စျေးနှုန်းကို နေ့စဥ် စောင့်ကြည့်ကာ ကျောက်ဇကာ စျေးနှုန်းနှင့် ချိန်ညှိပေးသော စနစ်တစ်ခုကို တည်ဆောက်ထားပါသည်။ ကျွန်ုပ်တို့ Ecotrade Catalogue သည် လက်ရှိစျေးကွက်ပေါက်စျေးများကို ထင်ဟပ်စေရန် အဆက်မပြတ် လုပ်ဆောင်နေပါသည်။
လိုအပ်ပါက ကျွန်ုပ်တို့၏ ကျွမ်းကျင်သော အ၀ယ်တော်များမှ လူကြီးမင်းတို့ထံ လာရောက်ကြည့်ရှုပြီး ကျောက်ဇကာ စျေးနှုန်းတန်ဖိုးဖြတ် ပေးနိုင်ပါသည်။ လူကြီးမင်းတို့ထံ အဆင်အမြဲ အကူအညီပေးရန် အသင့်ရှိနေပြီး ကျောက်ဇကာ ပမာဏ အရေအတွက် အနည်းအများကိုမဆို ၀န်ဆောင်မှုပေးမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ အတွက် quotation တွက်ချက်ပေးမည်ဖြစ်ပြီး စျေးနှုန်းသဘောတူပါက ပစ္စည်းများကို ကောက်ခံမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ အတွက် လျင်မြန်သော အလုံးစုံငွေပေးချေမှု ရရှိစေရန် အာမခံပါသည်။ ထို့အပြင် (Toll Refining) ဟုခေါ််သော လူကြီးမင်းတို့၏ အသုံးပြုပြီးသော ကျောက်ဇကာများကို နမူနာယူ ပြန်လည်သန့်စင်ပြီး သတ္တုများ ရယူလိုပါက ကျွန်ုပ်တို့မှ အခကြေးငွေ ယူပြီး ၀န်ဆောင်မှုပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာမှု ရိုးသားမှု မျှတမှုကို တန်ဖိုးထားပါပြီး လူကြီးမင်းတို့အတွက် ပထမတန်း ၀န်ဆောင်မှု ပေးပါမည်ဟု ကတိပြုပါသည်။
လူကြီးမင်းတို့ ကျောက်ဇကာ အမျိုးအစားများ ခွဲခြားရာတွင် လွယ်ကူစေရန် Mobile Application ကို အသုံးပြုနိုင်ပါသည်။ အဆိုပါ Mobile App တွင် ကျောက်ဇကာဓါတ်ပုံများ ကားအမျိုးအစား အလိုက် ကျောက်ဇကာထုတ်လုပ်သူများကို ရှာဖွေနိုင်ပြီး ကျောက်ဇကာစျေးနှုန်းများကို အချိန်နဲ့ တပြေးညီ လွယ်ကူစွာ ကြည့်နိုင်မည်ဖြစ်သည်။