Catalytic Converter plant

Ecotrade သမိုင်းကြောင်း

 Ecotrade သည် အာရှနိုင်ငံများ၏ တိုးတက်လာသော ကျောက်ဇကာပြန်လည် အသုံးချခြင်း အခွင့်အလမ်းကို စတင်သတိပြုမိပြီး ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျောက်ဇကာ ပြန်လည် အသုံးချခြင်းဆိုင်ရာ စက်ပစ္စည်းများကို စတင် ရင်းနှီးမြုပ်နှံခဲ့သည်။ ထို့နောက် မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဟောင်ကောင်တို့တွင် လုပ်ငန်းတိုးချဲ့၍ ကမ္ဘာတစ်၀ှန်းရှိ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Ecotrade သည် ကျွမ်းကျင်သော ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး Recycling Industry အတွင်း ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု လုပ်ငန်းကျွမ်းကျင်မှုတို့ဖြင့် နာမည်ကောင်းသတင်း ရရှိထားပါသည်။

ကျွန်ုပ်တို့ အသုံးပြုနေသော နမူနာယူ စစ်ဆေးခြင်းကို ထိပ်တန်း စက်ရုံအလုပ်ရုံ တာ၀န်ရှိသူများမှ အတည်ပြုချက်ရယူထားပါသည်။ ကျောက်ဇကာ အမျိုးအစားများစွာကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း၊ ဖြတ်တောက်ခြင်း၊ recycle ပြုလုပ်ပြီး ပြန်လည်အသုံးပြုခြင်း များကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သည် အရှေ့တောင်အာရှ နိုင်ငံများတွင် အသုံးပြုပြီး ကျောက်ဇကာများကို ထိပ်တန်းး၀ယ်ယူသော ကုမ္ပဏီဖြစ်ပါသည်။ခေတ်မီ နည်းပညာများကို အသုံးပြုပြီး ကောင်းမွန်သော ပစ္စည်း ပို့ဆောင်မှု နှင့် စီမံခန့်ခွဲမှုများကို ပိုင်ဆိုင်ထားသောကြောင့် လူကြီးမင်းတို့ အကျိုးအမြတ်ရရှိစေရန် သေချာပါသည်။

Pile of catalytic converters

ကျောက်ဇကာ Recycle ပြုလုပ်ခြင်းစျေးကွက်

ကမ္ဘာတစ်၀ှမ်းတွင် နှစ်စဥ် ပလက်တီနမ် အနွယ်၀င် သတ္တုများကို တူးဖော်နေသည်မှာ တန်ချိန် ၄၅၀ အထက်ရှိပါသည်။ မော်တော်ယာဥ် ၏ ကျောက်ဇကာမှ ပါ၀င်သော ပလက်တီနမ် အနွယ်၀င် သတ္တုများဖြစ်သည့် ပလက်တီနမ် ရိုဒီယမ် ပလေဒီယမ် များကို recycle ပြုလုပ်ပြီး ပြန်လည်အသုံးပြုမှုများသည်လည်း မြင့်တက်လျက်ရှိသည်။

ကျောက်ဇကာတွင် ပလက်တီနမ် သတ္တုအုပ်စု (ပလက်တီနမ်၊ ရိုဒီယမ်၊ ပလေဒီယမ်) ပါ၀င်မှုသည် မော်တော်ယာဥ်အမျိုးအစားနှင့် သက်တမ်းပေါ်မူတည်၍ ၀.၂ မှ ၀.၅ ရာခိုင်နှုန်းအထိ ကွဲပြားတတ်ပါသည်။ မော်တော်ယာဥ်၏ အင်ဂျင်သက်တမ်းနှင့် ‌‌ဒေသတွင်း စည်းမျည်းများကြောင့် ကျောက်ဇကာသက်တမ်း ကုန်ဆုံးသွားသည့်တိုင် ကျောက်ဇကာ အတွင်းရှိ အထက်ပါ သတ္တုများကို Recycle လုပ်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့ထံ လူကြီးမင်းတို့၏ အသုံးမပြုတော့သော ကျောက်ဇကာများကို ရောင်းချခြင်းဖြင့် ထိုက်တန်သော ပြန်အမ်းငွေ ရရှိမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သော ၀န်ထမ်းများမှ လူကြီးမင်းတို့ နေရာအရောက် ကျောက်ဇကာများကို စစ်ဆေးခြင်း၊ လိုအပ်ပါက ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ခေတ်မီနည်းပညာဖြင့် တန်ဖိုးဖြတ်ပေးခြင်း စသည့်၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Recycling environment

သဘာ၀ ပတ်၀န်းကျင် ထိန်သိမ်းခြင်း

၁၉၈၀ ခုနှစ်မှ စတင်၍ ကျောက်ဇကာများသည် မော်တော်ယာဥ်လုပ်ငန်းများတွင် သဘာ၀ ပတ်၀န်းကျင် လေထုညစ်ညမ်းမှုကို ကာကွယ်ရန် အဓိကသော့ချက်ဖြစ်လာခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ တာ၀န်ရှိသူများသည် ကားများ တွင် အင်ဂျင်မှ ထွက်သောမီးခိုးများကြောင့် လေထု ညစ်ညမ်းမှုလျေ့ာချရန် ကျောက်ဇကာများ မဖြစ်မနေ တပ်ဆင်ရမည်ဟု ဥပဒေ ပြဌာန်းထားသည်။

ကျောက်ဇကာများကို recycle လုပ်၍ ပြန်လည်အသုံးပြုခြင်းအတွက် သဘာ၀ပတ်၀န်းကျင်ကို ပိုမိုကောင်းမွန်စေပြီး ငွေကုန်ကြေးကျ သက်သာစေပါသည်။

ကျောက်ဇကာများတွင် ပါ၀င်သော ပလက်တီနမ် အုပ်စု သတ္တုသည် ရှားပါးပြီး လွန်စွာအဖိုးတန်သည်။လူသားတို့သည် ကမ္ဘာပေါ် ရှိ သဘာ၀ သယံဇာတများရှားပါးလာသည်ကို သိရှိလာသည်နှင့် အမျှ နည်းပညာကို အသုံးချပြီး ကျောက်ဇကာအတွင်းရှိ ရှားပါး သတ္တုများကို recycle လုပ်၍ ပြန်လည်အသုံးပြုရန် တီထွင်ဆောင်ရွက်ခဲ့သည်။

ကျောက်ဇကာအတွင်းရှိ ၉၅ရာခိုင်နှုန်းသော သတ္တုများကို Recycle ပြုလုပ်ခြင်းသည် မိရိုးဖလာ သတ္တု မိုင်းတူးခြင်းထက် အစပေါင်းများစွာ စွမ်းအင် ခြွေတာပြီး ဘာ၀ပတ်၀န်းကျင်ကို အကျိုးပြုစေပါသည်။ ကမ္ဘာကြီး ရေရှည်တည်တန့်အောင် Ecotrade Group မှ တစ်ထောင့်တစ်နေရာမှ ပါ၀င်ခွင့်ရခြင်းအတွက် များစွာဂုဏ်ယူမိပါသည်။