ကျွန်ုပ်တို့ Ecotrade မှ လေ့ကျင့်ပေးထားသော ဓါတုဗေဒ ပညာရှင်များမှ ကျွန်ုပ်တို့ ‌ Database တွင် မပါသော အစိတ်အပိုင်းများ (သို့မဟုတ်) ‌‌ေ၀ခွဲမရသော အစိတ်အပိုင်းများကို X Ray Flurorence နည်းဖြင့် စမ်းသပ်စစ်ဆေးပေးပါသည်။

မည့်သည့်နေရာ မှမဆို လူကြီးမင်းတို့၏ စစ်ဆေးရန် အစိတ်အပိုင်းများကို ကျွန်ုပ်တို့ထံ ပို့ဆောင်နိုင်ပါသည်။

ပစ္စည်းပို့ဆောင်ခြင်း

လူကြီးမင်းတို့ စစ်ဆေးချင်သော အစိတ်အပိုင်းများကို စျေးခြင်း Cart ကို ထည့်၍ ဘဏ်အချက်အလက် ဖြည့်သွင်းပြီး Check out ပြုလုပ်ပါ။

 ကျောက်ဇကာ အပိုင်းအစများကို အနားကွပ်ကို ဖြတ်၍ အတွင်းရှိ Monolith ကို ထုတ်ယူပါသည်။ ထို့နောက် သေချာစွာ ထုတ်ပိုးပါ။

သေချာစွာ ထုတ်ပိုးပြီးနောက် ကျွန်ုပ်တို့ ၏ မလေးရှားနိုင်ငံ ဓါတ်ခွဲခန်းကို ပို့ဆောင်နိုင်ပါါသည်။

ECOTRADE GROUP (MALAYSIA) SDN BHD
No.12  Jalan Ch Light Industries 2A
71700  Pajam, MALAYSIA

ပစ္စည်းများ ပို့ဆောင်ခကို လူကြီးမင်းတို့ဘက်မှ ကျခံရပါမည်။

ခွဲခြမ်းစိတ်ဖြာခြင်း

ကျွန်ုပ်တို့သည် လူကြီးမင်းတို့ထံမှ ကျောက်ဇကာ အစိတ်ပိုင်းများ ရရှိပြီးသည်နှင့်တပြိုင်နက် ကျွန်ုပ်တို့၏ ဓါတုဗေဒပညာရှင်များမှ နမူနာယူခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ပြီး အဖိုးတန်သတ္တုပမာဏ အတိအကျပါ၀င်မှုကို ဆုံးဖြတ်ပါသည်။

လူကြီးမင်းတို့ထံ Monolith အလေးချိန် နှင့် platinum palladium rhodium ပါ၀င်မှု အချက်အလက်များကို ပေးပါမည်။

ထို့နောက် ရုံးဖွင့်ရက် ၂ ရက်အတွင်း ငွေပေးချေခြင်း လုပ်ငန်းကို ဘဏ် (သို့မဟုတ်) Paypal အကောင့်မှ တစ်ဆင့် ပေးချေရမည်။

 ကျွန်ုပ်တို့သည် လုပ်ငန်းကျွမ်းကျင်မှု ထိရောက်သေချာရှိမှုများဖြင့် လူကြီးမင်းတို့ထံ အကောင်းဆုံး ၀န်ဆောင်မှုပေးမည်ဖြစ်ပါသည်။

ယခုလက်ရှိအချိန်တွင် အဆိုပါ၀န်ဆောင်မှုကို အခမဲ့ဆောင်ရွက်ပေးနေပါသည်။

အရေအတွက် ပမာဏများပါက Toll Refining ၀န်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။

Catalyst XRF assay

XRF (X-ray fluorescence) သည် ဒြပ်စင်မည်မျှပါ၀င်မှုကို စစ်ဆေး သိရှိနိုင်သော နည်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ဓါတုဗေဒ ပညာရှင်များမှ ကျောက်ဇကာ အပိုင်းအစတစ်ခုတွင် အဖိုးတန်သတ္တုမည်မျှပါ၀င် သည်ကို အဆိုပါနည်းဖြင့် တိုင်းတာ စစ်ဆေးသည်။ XRF နည်းဖြင့် တိုင်းတာ ‌စစ်ဆေးခြင်းသည် အလွန်လျှင်မြန်တိကျမှု ရှိသည်။

 XRF AnalyzER ၀ယ်ယူလိုပါသလား