ကျောက်ဇကာ Recycling လုပ်ငန်းသည် စျေးကွက်တွင် ရှားပါးပြီး ၀ယ်လိုအားများနေသော Platinum Group Metals (PGMs) ကို ဖြည့်တင်းပေးရန် အဓိကကျသော နေရာမှာ ပါ၀င်နေပါသည်။ ‌အစောပိုင်းကာလများတွင် Recycling လုပ်ငန်းစဥ်သည် သယ်ယူပို့ဆောင်ရေး အရ သော်လည်းကောင်း နည်းပညာအရသော်လည်းကောင်း ရှုပ်ထွေးမှုရှိသည်။ ယခုခေတ်တွင် ‌ခေတ်မှီ နည်းပညာများနှင့် လုပ်ဆောင်လျက်ရှိသောကြောင့် ယခင်ကထက် recycling လုပ်ရာတွင် ပို၍ ထိ‌ရောက်စွာ ဆောင်ရွက်နိုင်သည်။

 Recycling လုပ်ငန်းစဥ်၏ ကနဦးမှာ PGMs များကို ဓါတ်ကူပစ္စည်းထဲတွင် ပါ၀င်သော ceramic များနှင့် သတ္တု အလွှာများမှ ဖယ်ရှားပေးခြင်းဖြစ်သည်။ အရည်ကျိုသူများသည် အဖိုးတန်သတ္တုပြန်လည် ရရှိအောင် သတ္တုများကို အရည်ကျိုပြီး alloy များကို အညစ်အကြေးများမှ ပြန်လည်ခွဲထုတ်သည်။  Refining လုပ်ငန်းစဥ် သည် ငွေကြေး ရင်းနှီးမှု များစွာ ပါ၀င်သည်။ USA Europe နှင့် Japan နိုင်ငံရှိ လုပ်ငန်းစုများက Refining လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။scrap catalyst refining process

CATALYST Decanning and CERAMIC milling

Once collected, catalytic converters are de-canned and the substrate crushed to a fine powder. ကျောက်ဇကာများကို စုဆောင်းပြီး အဖုံးကို ဖွင့်၍ ဓါတ်ကူပစ္စည်းများကို အမှုန့်ကြိတ်သည်။ 

MATERIAL Sampling

Once processed, the batch will be sampled to determine its concentration of PGM. အမှုန့်ကြိတ်ပြီးနောက် PGM ပါ၀င်မှု သိရှိရန် နမူနာ ရယူသည်။

ထို့နောက် အရည်ကျိုခြင်း သို့မဟုတ် ပြန်လည်သန့်စင်ခြင်း refining လုပ်ဆောင်သည်။

Pyrometallurgical smelting

ကျောက်ဇကာများမှ PGM များ ရရှိရန် သင့်တော်သော နည်းလမ်းမှာ pyrometallurgical ဖြစ်သည်။ PGMs များကို ပြန်လည်ရယူရာတွင်  ရုပ်ပိုင်းဆိုင်ရာနှင့် ဓါတု အသွင်ပြောင်းလဲရန် သတ္တုများကို အပူပေးခြင်းဖြစ်သည်။ အဆိုပါနည်းသည် အနည်းဆုံး ၁ တန် နှင့်အထက် သတ္တုအလွှာ အရေအတွက်များစွာ လိုအပ်သည်။ အ

CHEMICAL Refining

ဓါတု သန့်စင်နည်း ပညာဖြစ်သော dissolution, solvent extraction, selective precipitation များကို အသုံးပြုပြီး သတ္တုများကို ခွဲခြားသည်။ ဓါတ်ကူပစ္စည်းများရှိ အလွှာများ အောက်ခြေတွင် PGMs များ စုနေတတ်ပြီး အက်ဆစ်တွင် ပျော်၀င်သည်။ 

အဆိုပါ လုပ်ငန်းသည် အခြေခံကျသော လုပ်ငန်းစဥ် ဖြစ်ပြီး များသောအားဖြင့် အရည်ကျိုသော လုပ်ငန်းများက အဖိုးတန် သတ္တုများ ပြန်လည်ရယူရာတွင် လုပ်ဆောင်သည်။

► Our toll-refining service