လက်ကိုင် XRF DEVICES 🔍
POSTED BY SARAIWAN
ကျောက်ဇကာ Recycler လုပ်သူများအတွက် ဓါတ်ကူပစ္စည်းများတွင် Platinum Palladium နှင့် Rodium ပမာဏ အတိအကျကို သိရှိရန် အလွန်ပင် အရေးကြီးပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်စု အတွင်း နည်းပညာသစ်များ၏ အကဲဖြတ်ဆန်းစစ်ချက်များဖြင့် Recycling Industry ကို ပိုမိုပွင့်လင်းမြင်သာ မှု ရှိစေရန် အထောက်အပံ့ပေးခဲ့သည်။ ကျောက်ဇကာ အကြေများကို အချိန်တိုအတွင်း နမူနာယူ စစ်ဆေးပြီး စျေးနှုန်း ဆုံးဖြတ်ခြင်းဖြင့် မျှတသော အရောင်းအ၀ယ်ကို ဖြစ်စေသည်။
အကဲဖြတ်ဆန်းစစ်ခြင်း ၏ အစောပိုင်းရက်များတွင် ကျောက်ဇကာကို ခွဲ၍ ရလာသော Powder များကို သီးခြားလွတ်လပ်သော ဓါတ်ခွဲခန်းကို စစ်ဆေးရန် ပေးပို့စေသည်။ အဆိုပါ နည်းသည် Recycler များအတွက် လက်တွေ့အသုံးကျသော နည်းအဖြစ် အသုံးပြုနေသော်လည်း ယခုနောက်ပိုင်းတွင် PGM ပမာဏကို အချိန်တိုအတွင်း အကဲဖြတ်ပေးနိုင်သော လက်ကိုင် XRF devices များကို အသုံးပြုလာကြသည်။ XRF devices များသည် X-ray fluorescence technology ကို အသုံးပြု၍ နမူနာ ဓါတ်ကူပစ္စည်းတွင် ပါ၀င်သော ဒြပ်စင် တစ်ခုချင်းဆီ၏ ပါ၀င်သော ပမာဏကို တိကျစွာ ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်သည်။ XRF devices များသည် Recycler အများစုအတွက် အလွန် အကျိုးပြုသော ဒြပ်စင် အကဲဖြတ် Devices တစ်ခုဖြစ်သည်။
XRF devices များကို အသုံးပြုခြင်းဖြင့် PGM ပမာဏကို အလွယ်တကူ လျင်မြန် တိကျစွာ သိရှိနိုင်ပြီး ဓါတ်ခွဲခန်းများတွင် PGM ပမာဏစစ်ဆေးရန် စရိတ်စက မြင့်မားမှုကို လျော့ချပေးသည်။ သမာရိုးကျ ဓါတ်ခွဲခန်း တွင် စစ်ဆေးခြင်းသည် အဆင့်များစွာ ရှိပြီး အချိန်များစွာ လိုအပ်ပါသည်။ XRF devices များသည် Consumer Product Safety Improvement Act (CPSIA) , Proposition 65 ၊ Restriction of Hazardous Substances (RoHS) နှင့် အခြားစည်းမျည်းများကို စစ်ဆေးခြင်း အပါအ၀င် ကုန်ချောပစ္စည်းများကို စစ်ဆေးလုပ်ဆောင်နိုင်ပြီး ရလာဒ် အဖြေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်သည်။
ယနေ့ အချိန်တွင် အရည်အသွေးမြင့်သော lympus Vanta Element-S Analyzer များကို စျေးကွက်တွင် ၀ယ်ယူရရှိ နိုင်ပြီ ဖြစ်ပါသည်။
Olympus Vanta Element-C Analyzer
Olympus Vanta Element-C Analyzer များသည် သုံးစွဲသူ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် လျင်မြန်သော အကျိုးအမြတ် ရရှိရန် ကိုယ်ပိုင် Axon နည်းပညာကို အသုံးပြုသည်။ အဆိုပါ နည်းပညာသည် အလွန်လျင်မြန်သော၊ တိကျပြီး ထပ်တလဲလဲရနိုင်သော ရလဒ်များအတွက် မြင့်မားသော X-ray အရေအတွက်ကို ခွင့်ပြုပေးသည့် Ultra-Low-Noise electronics ပစ္စည်းများကို အသုံးပြုထားသည်။ USB flash drive မှတဆင့် ဒေတာကို လွယ်ကူစွာ ထုတ်ယူနိုင်ခြင်း၊ Wireless Lan သို့မဟုတ် Bluetooth ချိတ်ဆက်၍ အသုံးပြုနိုင်သည်။ Cloud Enable ဖြစ်သော Devices ဖြစ်ပြီး touch screen display သည် ကြည်လင်တောက်ပပြီး မည်သည့်အလင်းတွင် မဆို ဖတ်လို့ရပါသည်။
ပါ၀င်သော အခြားFeatures များမှာ
🟢Ergonomic ခလုတ်များနှင့် စက်မှုလုပ်ငန်းအဆင့် ခလုတ်နှိပ်သည့် ခလုတ်များ သည် လက်အိတ်ဖြင့် လွယ်ကူစွာ လည်ပတ်နိုင်စေပါသည်။
🟢 စာရွက်စာတမ်းများနှင့် ဒေတာမြေပုံဆွဲခြင်းအတွက် တိကျသော GPS သြဒီနိတ်များဖြင့် ရလဒ်များကို ကိုက်ညီစေရန် Built-in GPS။
🟢ပိုမိုကောင်းမွန်သော Reporting ၊ ဒေတာ သိမ်းဆည်းခြင်း နှင့် ဒေတာခြေရာခံနိုင်မှု
Olympus Vanta Element-C Analyzer
See more about Vanta XRF Analyzer
XRF analyzers သည် ကနဦး ကုန်ကျစရိတ်များပြားသော်လည်း ဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းထက် အချိန်ကုန် ငွေကုန် ပို၍ သက်သာစေသည်။
တိကျလျှင်မြန်သော ရလာဒ်များကြောင့် ကျောက်ဇကာရောင်းချသူများနှင့် အလုပ်လုပ်ရာတွင် ယုံကြည်မှု ပိုမိုရရှိစေပြီး ၎င်းတို့အတွက် မျှတသော စျေးနှုန်းကို အချိန်အနည်းငယ်အတွင်း သိရှိနိုင်သည်။
XRF devices အသုံးပြုနည်းများကို ကျွန်ုပ်တို့ထံတွင် အခမဲ့ လေ့လာနိုင်ပါသည်။ လက်ကိုင် XRF Devices များသည် အသုံးပြုရလွယ်ကူပြီး ရှေရှည် လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းစေသော ရရင်းနှီးမြှပ်နှံမှု တစ်ရပ်ဖြစ်သည်။