ကျောက်ဇကာ RECYCLING ပြုလုပ်ခြင်းနှင့် ပတ်၀န်းကျင် 🌳

POSTED BY SARAIWAN

ကျောက်ဇကာ Recycling လုပ်ငန်း လုပ်သူများသည် စျေးကွက်ထဲတွင် ကျောက်ဇကာများ၏ ၀ယ်လိုအား ရောင်းလိုအား ၊ Platinum Palladium နှင့် Rhodium များ၏ စျေးနှုန်း အတက်ကျများ နှင့် recycling လုပ်ငန်းစဥ်အတွက် ကုန်ကျစရိတ်များကို စဥ်ဆက်မပြတ် ဆွေးနွေး ငြင်းခုံမှုများ ပြုလုပ်လျက်ရှိကြသည်။  နောက်ထပ် အရေးကြီးပြီး ကျော်မသွားသင့်သော ခေါင်းစဥ် တစ်ခုဖြစ်တဲ့ ကျောက်ဇကာ Recycling လုပ်ခြင်းကြောင့် သဘာ၀ ပတ်၀န်းကျင် နှင့် ‌‌ဂေဟစနစ် အပေါ် အကျိုးပြုမှုကို ဒီဆောင်းပါး‌ကနေ လေ့လာကြည့်လိုက်ရအောင် ... 

မော်တော်ယာဥ် လုပ်ငန်း ကြောင့်ဖြစ်သောာ လေထုညစ်ညမ်းမှုသည် ၂၀ရာစု တစ်၀က်ခန့် မှ စတင်၍ အဓိက ပြဿနာ တစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန် နည်းပညာအကူအညီဖြင့် ကျောက်ဇကာ စွမ်းဆောင်ရည်မှာ ပိုမို တိုးတက်လာခဲ့သည်။ ကနဦး အနေဖြင့် အမေရိကားမှ 1970 နှစ်များတွင် မော်တော်ယာဥ်များတွင် ကျောက်ဇကာ မဖြစ်မနေ တပ်ဆင်ရမည် ဟုသော ပြဌာန်းချက်ခဲ့ပြီးနောက် ကမ္ဘာ့အနှံ့ ရှိ နိုင်ငံများထံ  လေထုညစ်ညမ်းမှုကို လျော့ချပေးနိုင်ရန် ကျောက်ဇကာ တပ်ဆင်ရမည် ဆိုသော အသိသည် ပြန့်နှံ့ခဲ့သည်။

 

Catalytic converter affects cleaner air

Source: History of reducing air pollution in USA

 

လွန်ခဲ့သော နှစ် ၅၀ အတွင်း PGMs များ ထုတ်ယူမှု အဆမတန် မြင့်မားနေခြင်းသည်လည်း သဘာ၀ ပတ်၀န်းကျင် အတွက် စိုးရိမ်ပူပန်မှုကို ရေချိန်မြင့်လာစေသည်။ PGMs များကို မိုင်းတူးခြင်း လုပ်ငန်းစဥ်သည် ကုန်ကျစရိတ်များပြီး အလွန်ရှုပ်ထွေးသော လုပ်ငန်းစဥ်ဖြစ်သည်။ အဆမတန် မိုင်းတူးခြင်းကြောင့် လေထုညစ်ညမ်းမှု ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု ၊ မြေနှင့် ရေ ကို အကျိုး သက်ရောက်မှု ၊ လူမှုုဘ၀ကို ထိခိုက်စေမှု အားလုံး တို့သည် တနည်းမဟုတ် တနည်း ဆက်စပ်လျက်ရှိသည်။ 

မိုင်းတူးခြင်း သဘာ၀ 

Dirty and dangerous in mining

မိုင်းတူးခြင်းသည် ပတ်၀န်းကျင်ကို ‌ဂေဟစနစ်ကို  ယိုယွင်း စေပြီး ရေရှည်တည်တံ့မှုကို ထိခိုက်‌စေသော လည်ပတ်မှုတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ မိုင်းတူးခြင်းလုပ်ငန်း ပိုမိုပြီး နက်ရှိုင်းလာသည်နှင့် တစ်ပြိုင်နက် စက်ပစ္စည်းများနှင့် ‌အလုပ် သမား အင်အား များစွာ လိုအပ်ပါသည် ။  သဘာ၀ သယံဇာတ အရင်းအမြစ်များ လျော့နည်းစေပြီး လူစွမ်းအား စက်စွမ်းအား အရင်းအမြစ် များ အလွန်သုံးရသော လုပ်ငန်းစဥ်လည်း ဖြစ်သည်။

စွမ်းအင် အလွန်သုံးရသော မိုင်းတူးခြင်းလုပ်ငန်းကို လျော့ချရန် အကောင်းဆုံး နည်းလမ်းမှာ  Recycling ပြုလုပ်ခြင်းပင်ဖြစ်သည်။ Recycling ပြုလုပ်ခြင်း များစွာရှိသည့် အနက် အသုံးပြုပြီးသော ကျောက်ဇကာများကို Recycle ပြုလုပ်ပြီး အဖိုးတန် သတ္တုများ ပြန်လည်ရယူခြင်းသည် အရေးပါသော လုပ်ငန်းဖြစ်သည်။ အဖိုးတန်သတ္တု Recycling လုပ်ငန်းသည် ရှုပ်ထွေးမှု များစွာ ရှိသော်လည်း နည်းပညာ အကူအညီများဖြင့်  ကျောက်ဇကာ အရေအတွက် အမြောက်အမြားမှ အဖိုးတန် သတ္တု ၉၅ ရာခိုင်နှုန်း အထိ ပြန်လည် သန့်စင်ခြင်းကို ယနေ့ ခေတ်တွင် ပြုလုပ်နိုင်မည်ဖြစ်သည်။ 

 

သဘာ၀ပတ်၀န်းကျင် အတွက်  အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူး

အဖိုးတန် သတ္တု အများအပြားကို ပြန်လည်ယူသော Recycling လုပ်ငန်းသည်  ရေရှည် မတည်တံ့နိုင်သော မိုင်းတူးခြင်းကို လျော့ချပေးပြီး သဘာ၀ပတ်၀န်းကျင်ကို ရေရှည် တည်တံ့စေသည်။ ထို့အပြင် ကျောက်ဇကာကို Recycle လုပ်ပြီး အဖိုးတန် သတ္တု သန့်စင်ပြီး ပြန်လည်ရယူသော လုပ်ငန်းများသည် မော်တော်ယာဥ် ထုတ်လုပ်သော Industry zone များနှင့် အနီးတွင် များသော အားဖြင့် တည်ရှိသောကြောင့် Logistics စရိတ်ကို လျော့ချပေးသည်။

သို့ပင်သော်လည်း အဖိုးတန် သတ္တု သန့်စင်သော လုပ်ငန်းအတွက် ကုန်ကျစရိတ်များနှင့် ကျောက်ဇကာအပိုင်းအစများကို စုဆောင်းခြင်းနှင့် သယ်ပို့ခြင်းတို့အတွက် ကုန်ကျစရိတ်များစွာရှိသည်ကို ဂရုပြုသင့်သည်။ အဖိုးတန်သတ္တု သန့်စင်ခြင်း လုပ်ငန်းကို ပိုမိုတိုးတက်အောင် ကျောက်ဇကာ  စုဆောင်းခြင်း ၊ ‌ကျောက်ဇကာ ခွဲခြင်း ၊ စမ်းသပ်ခြင်း နှင့် နောင်ဆုံးအဆင့် သန့်စင်ခြင်း စသော  လုပ်ငန်းစဥ် အဆင့်ဆင့်ကို  သေချာစွာ ဆောင်ရွက်ရပေမည် ဖြစ်သည်။ 

 

မော်တော်ယာဥ်များမှ အဖိုးတန် သတ္တုပြန်လည်ရယူစေရန် အတွက် အောက်ပါအချက်များသည် အရေးကြီးပါသည်။

စွန့်ပစ်မော်တော်ယာဥ်များမှ အသုံးပြုပြီးသော ကျောက်ဇကာများကို စုဆောင်းခြင်း

- ကျောက်ဇကာများမှ အဖိုးတန်သတ္တုကို ခွဲထုတ်ခြင်းနှင့် ပြန်လည်ရယူခြင်း

- အဖိုးတန်သတ္တုများ သန့်စင်မှုတွင် ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှု နည်းပါးခြင်း

- ပွင့်လင်းမြင်သာမှု ရှိသော Recycling လုပ်ငန်း

 

Recycling လုပ်ငန်းစဥ် သဘာ၀ပတ်၀န်းကျင်နှင့် ဂေဟစနစ်ကောင်းမွန်လာစေရန် တစ်ထောင့်တစ်နေရာမှ ပါ၀င်နေခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ အားလုံးအသိပင် ဖြစ်သည်။

 

Immense Environmental Benefits