ကျောက်ဇကာ အကြောင်း

 ကျောက်ဇကာဆိုသည်မှာ အိတ်ဇော မှ ထွက်သော အန္တရာယ်ရှိသော ဓါတ်ငွေ့များကို ဓါတ်တိုးဓါတ်လျော့ မှု ပြုလုပ်ပြီး  လျော့ချ‌ပေးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။Catalytic converter

.၁၉၆၀ ခုနှစ်တွင် ဓါတ်ငွေ့ထုတ်လုပ်မှု ဥပဒေ နှင့် အညီ ကျောက်ဇကာကို အမေရိက မှ တီထွင်ထုတ်လုပ်ခဲ့သည်။ ထို့နောက် အခြား နိုင်ငံများမှလဲ ‌စတင် တီထွင် အသုံးပြုလာကြပါသည်။ ၁၉၇၅ ခုနှစ်တွင် မော်တော်ကား ထုတ်လုပ်သူများ အားလုံး ကျောက်ဇကာ နှင့် အန္တရာယ် ရှိ ါတ်ငွေ့ ထုတ်လုပ်မှု လျော့ချနိုင်သော ကိရိယာများကို အသုံးပြုလာကြသည်။

ထို့နောက် ဒီဇယ်အမှုန်အမွှားများကို စစ်ထုတ်ပေးနိုင်သော Diseel Particulate filter များကို အသုံးပြုလာကြသည်။ 

 ကျောက်ဇကာ အလုပ်လုပ်ပုံ

 အပူချိန် (426°C / 798,8°F minimum) ‌တွင် အိတ်ဇော စနစ်မှ အန္တရာယ်ရှိသော ဓါတ်ငွေ့များကို ကို carbon monoxide မှ cardon dioxide သို့ ပြောင်းလဲ ပေးသော ကိရိယာဖြစ်သည်။ Nitrogen oxide ကို Nitrogen နှင့် Oxygen အဖြစ်ပြောင်းပေးသည်။ ‌ကျောက်ဇကာ များ သည် အန္တရာယ်ရှိသော ဓါတ်ငွေ့အားလုံးနီးပါးကို ဖယ်ထုတ်သည်။ ပုံမှန် လည်ပတ်မှုတွင် ၁ရာခိုင်နှုန်း အောက်သာ ကျန်သည်။ 

ကျောက်ဇကာ အတွင်းထဲရှိ အဖိုးတန်သတ္တုများ အကြောင်း

ကျောက်ဇကာများတွင် ဓါတ်ကူပစ္စည်းကို ကြွေထည်က ဖုံးအုပ်ပေးထားသည်။ ပျားလပို့ ပုံစံရှိပြီး အတွင်းထဲတွင် microscopic ဖြင်သာ မြင်နိုင်သော အဖိုးတန်သတ္တုများ(rhodium, platinum and palladium) ရှိသည်။ ကျောက်ဇကာ အမျိုးအစားပေါ်လိုက်၍ အဖိုးတန်သတ္တု ပမာဏ ကွဲပြားနိုင်သည်။ Ecotrade group မှ XRF analysis ဖြင့် ကျောက်ဇကာများတွင် အဖိုးတန်သတ္တုပမာဏ ကို သိနိုင်ခြင်း ၊ ကျောက်ဇကာများနှင့် DPF များမှ အဖိုးတန် သတ္တုများကို ပြန်လည် သန့်စင်ခြင်း စသော၀န်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည်။