ကျောက်ဇကာများကို ဘယ်အရာက ပျက်စီးစေသလဲ

ကျောက်ဇကာသည် သဘာ၀အတိုင်း ပျက်စီးခဲသည်။ ထုတ်လုပ်မှု အရည်အသွေးမကောင်းသောကြောင့် ကျောက်ဇကာများ ပျက်စီးခြင်း အစီရင်ခံစာ ယခုထိ ‌‌မရှိသေးပေ။ 

ကျောက်ဇကာများ ပျက်စီးခြင်းသည် အင်ဂျင်အစိတ်အပိုင်းတစ်ခုခု ပျက်စီးခြင်းကြောင့် ဖြစ်နိုင်ချေများပြီး အကျိုးဆက်အနေဖြင့် ‌‌ကျောက်ဇကာ လုပ်ဆောင်မှုကို အပြည့်အ၀ မလုပ်ဆောင်နိုင်ခြင်းမှ စတင်သည်။ 

 ကျောက်ဇကာထဲသို့ လောင်စာဆီများ ၀င်ရောက်ခြင်းဖြင့် အပူလွန်ကာ အိတ်ဇောစနစ်မှ သတ္တုများ အရည်ပျော်ခြင်းကို ဖြစ်စေသည်။ သတ္တုများ အရည်ပျော်ပီး ခဲသွားကာ ကျောက်ဇကာ ပိတ်ဆို့ခြင်းကို ဖြစ်ပေါ်စေပြီး အင်ဂျင် ပါ၀ါ မှာ လျော့ကျသွားပြီး အခြားစနစ်များကို မလိုအပ်ဘဲ ဖိအားပေးခြင်းဖြင့် ကား၏ တစ်ခြား အစိတ်အပိုင်းများ ထိခိုက်စေသည်။  oxygen sensor များမကောင်းတာကြောင့် ကျောက်ဇကာ ပိတ်တာ ပျက်တာဖြစ်နိုင်သည်။

နောက်ဆုံးတစ်ခုမှာ ကျောက်ဇကာ တွင် ကျိုးကြေလွယ်သော Ceramic ပါရှိသည်။ ကားအောက်ပိုင်းတွင် ‌accident ဖြစ်ခြင်းကြောင့် ကားအောက်ပိုင်းထိခြင်း၊ ကျောက်တုံးများဖြင့် တိုက်မိခြင်းကြောင့်လဲ ကျောက်ဇကာအတွင်း Ceramic များ ‌လျော့ရဲလာပြီး လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေသည်။

Damaged catalytic converter