oxygen sensor အလုပ်လုပ်ပုံ 

Oxygen sensor သည်  အဓိက အလုပ်မှာ အန္တရာယ်ရှိသော ဓါတ်ငွေ့များကို လျော့ချရန် အတွက်ဖြစ်သည်။ Oxygen Sensor သည်  အိတ်ဇော ဓါတ်ငွေ့တွင် ပါရှိသော အောက်စီဂျင် ပမာဏကွဲပြားမှု ဆိုင်ရာ အချက်အလက်များကို အင်ဂျင်သို့ စုစည်းလွဲပြောင်းပေးရန် တာ၀န်ရှိသည်။
၎င်းသည် လေနှင့် ဓါတ်ငွေ့ ရောနှောမှုကို ထိန်းချုပ်ခြင်းမှ တားဆီးခြင်း၊ ဓါတ်ငွေ့များ ပိုလျံခြင်း သို့မဟုတ် လျော့ကျခြင်းမှ တားဆီးပေးသည်။  Oxygen sensor တွင် မြင့်မားသော အပူကို ခံနိုင်ရည်ရှိသော အဖိုးတန် ပလက်တီနမ် သတ္တုပါ၀င်သည်။ နောက်ဆုံးပေါ် sensor များသည် ၉၈ရာခိုင်နှုန်းအထိ သန့်စင်ပေးသည်။

သမိုင်းကြောင်းများအရ ၁၉၇၆ တွင် Volvo 240 တွင် ပထမဆုံး oxygen sensor ကို စတင်မိတ်ဆက်ခဲ့သည်။ ကယ်လီဖိုးနီးယား ပြည်နယ် ဓါတ်ငွေ့ထုတ်ခြင်း ဥပဒေအရ ၁၉၈၀ တွင် စတင် အသုံးပြုလာကြသည်။  Federal emission law အရ မော်တော်ကားများနှင့် ‌အပေါ့စား light truck များတွင် မဖြစ်မနေ ၁၉၈၁ မှ စတင်၍ တပ်ဆင်ခဲ့ကြသည်။

oxygen sensor