ကျောက်ဇကာကို Mileage ဘယ်လောက်အထိ အသုံးပြုလို့ရသလဲ

ကျောက်ဇကာသည် ပုံမှန်အားဖြင့် မော်တော်ကား သက်တမ်းတစ်လျှောက်အသုံးပြုနိုင်ပါပြီး ခန့်မှန်းခြေ မိုင် ၇သောင်းမှ တစ်သိန်း အထိ အသုံးခံပါသည်။ ကျောက်ဇကာ ကို ပြင်လို့တော့ မရနိုင်ပါ။

ကျောက်ဇကာ သက်တမ်းကို လျော့ကျ စေနိုင်သော အချက်များစွာ ရှိသော်လည်း ပုံမှန်အားဖြင့် မိုင် ၇ သောင်းမှ တစ်သိန်းအထိ အသုံးခံပါသည်။ မော်တော်ကားကို မည်သို့ အသုံးပြုသလဲ ထိန်းသိမ်းလဲ ပေါ်တွင်မူတည်ပါသည်။ ဥပမာအားဖြင့် ကားအသုံးပြုမှု နည်းခြင်း ခရီးတိုသာ သွားလာခြင်းတို့ကြောင့် အင်ဂျင် နှင့် ကျောက်ဇကာများသည် ၎င်းတို့၏ အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အပူချိန် မရောက်ခင် စက်ပိတ်လိုက်သောကြောင့် ‌‌‌‌ ကျောက်ဇကာ သက်တမ်း လျော့ စေသည်။ သို့မဟုတ် Mileage မြင့်သော ကားများတွင်လည်း ကျောက်ဇကာ သက်တမ်းတိုစေသည်။