ကျောက်ဇကာ ပျက်စီးခြင်းကို သိရှိနိုင်သော နည်းလမ်းများ

ကျောက်ဇကာ မကောင်းရင် ဘာဖြစ်စေနိုင်သလဲ ။ ကျောက်ဇကာ မကောင်းခြင်းကို သိရှိနိုင်သော အချက်များ ။  

‌‌‌ကျောက်ဇကာသည် သင်၏ ကားမှ ထွက်သော အန္တရာယ်ရှိ ဓါတ်ငွေ့များကို လျော့ ကျစေသည် ။ တခါတရံ ကျောက်ဇကာ ချို့ယွင်းမှုများ ဖြစ်တတ်သည်။ ကျောက်ဇကာ ပျက်စီးခြင်းကို သိရှိနိုင်မည့် အချက်များကို ဂရုစိုက်ပါ။ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပါ။ Small yellow car

ကျွမ်းကျင်သူများမှ electronic diagnostic machine ဖြင့် ပြဿနာများ အရင်းအမြစ်ကို စစ်ဆေးပြီး ကျောက်ဇကာအထက်တွင် Exhaust Manifold (သို့မဟုတ်) Exhaust pipe မှ oxygen censor ကို ဖယ်ထုတ်ပြီး ကျောက်ဇကာကို အစားထိုးနိုင်သည်။ 

တစ်နည်းအားဖြင့် အင်ဂျင်နှင့် ဆက်စပ်လျက်ရှိသော ပြဿနာများသည် ကျောက်ဇကာနှင့် အများစု ပတ်သတ်သည်ဟု မှတ်ယူနိုင်သည်။

ကားအောက်ပိုင်းမှ ဆူညံသံ 

ကားအောက်ပိုင်းမှ ပစ္စည်းတခုခု ခလောက် သလို အသံ ထွက်လာပါခြင်းမှာ  အပူလွန်ကဲခြင်းကြောင် ကျောက်ဇကာရှိ ပျားလပို့ ပုံစံ အစိတ်အပိုင်းထဲများ ပျက်စီးခြင်းဖြစ်သည်။ ထို အသံသည် ကားစတင် မောင်းသော အချိန်တွင် ကျယ်လောင်စွာ ကြားရတတ်တသည်။ အဆိုပါ ကျောက်ဇကာ များကို ဖယ်ထုတ်ပြီး အသစ် တပ်ဆင်သင့်ပါသည်။ 

အိတ်ဇောမှ ကြက်ဥ ပုပ်နံ့ရခြင်း

 Filter အလွှာများ အတွင်းထဲတွင် ပျက်စီးလာပါက ဆာဖာ ဓါတ်သည် အနံမရှိသော အသွင် မပြောင်းနိုင်ပါ။ ထိုအခါ ကြက်ဥပုပ်နံ့ ထွက်လာမည်။ ကျောက်ဇကာ ပိတ်ခြင်းကြောင့်လဲ အနံ့ရတာ ဖြစ်နိုင်သည်။

ဓါတ်ငွေ့ထုတ်လွှတ်မှု စမ်းသပ်ခြင်း မအောင်မြင်ခြင်း

သင့် ကား၏ ဓါတ်ငွေ့ထုတ်လွှတ်မှုစနစ် အလုပ်ကောင်းကောင်းလုပ်မလုပ်ကို  နှစ်စဥ် စစ်ဆေးရပါမည်။ ကျောက်ဇကာ အပြစ်ဖြစ်လျှင် ဓါတ်ငွေ့ထုတ်လွှတ်မှု စမ်းသပ်ခြင်း မအောင်မြင်ပါ။ကျောက်ဇကာများသည် ဓါတ်ငွေ့ထုတ်လွှတ်မှု ကို ထိန်းချုပ်နိုင်သော အဓိက ကိရိယာဖြစ်ပြီး ကျောက်ဇကာ မကောင်းပါက ချက်ချင်း လဲ သင့်ပါသည်။

Engine ချက်မီးလင်းခြင်း

 Engine ချက်မီးလင်း ခြင်းဖြင့် ကျောက်ဇကာ ပျက်စီးခြင်းကို သိရှိနိုင်သည်။ Spark plug (သို့) ‌Oxygen sensor ပျက်စီးခြင်း ကျိုးပဲ့ခြင်းကလည်း ကျောက်ဇကာကို ပျက်စီးစေသည်။

ဆီစားနှုန်းရုတ်တရက် ကျဆင်းခြင်း

ဆီစားနှုန်းကျဆင်းသွားခြင်းသည် ကျောက်ဇကာပိတ်ခြင်း သို့မဟုတ် ကျောက်ဇကာ ပျက်စီးခြင်း၏ လက္ခဏာ တစ်ခု ဖြစ်သည်။ အင်ဂျင်သည် အောက်ဆီဂျင်နည်းသွားသော အခါ သိုမ့ဟုတ် exhaust လမ်းကြောင်းတွင် resistance ရှိသော အခါ သင့် ကားအင်ဂျင်အလွန် အလုပ်လုပ်ရမည်ဖြစ်ပြီး ဆီစားနှုန်း ကျဆင်းနိုင်သည်။